Author: <span class="vcard">admin</span>

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကြည့်ရန်..

၈-၆-၂၀၁၉ (စနေနေ့) မနက် ၅း၀၀ နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တင်ထားသည့် ၀က်ဆိုက် website ဖြစ်သော www.myanmarexam.org တွင် ကြေညာပေးမည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားသူ များအား အသိပေး အပ်ပါသည်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အခြေခံပညာအလယ်တန်းအဆင့် (သင်ရိုးသစ်) Grade-6 ခရိုင်အဆင့် ဆွေးနွေးပွဲ/ သင်တန်းသို့ လာရောက်ကြည့်ရှုအားပေး

နေပြည်တော် မေ၂၁ =================== နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည့် နေပြည်တော် ဒက္ခိဏခရိုင်၏ အခြေခံပညာအလယ်တန်းအဆင့် (သင်ရိုး သစ်) Grade – 6 ခရိုင်အဆင့် ဆွေးနွေးပွဲ/ သင်တန်းသို့လာရောက်ပြီးဆရာ၊ ဆရာများ Grade – 6 သင်ရိုးသစ် သင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စာသင်ခန်းများအတွင် ပြသ ထား သည့် သင်ရိုးဟောင်း၊ သင်ရိုးသစ် သင်ထောက်ကူပစ္စည်းများနှင့် ကျောင်း…



ရန်ကုန်တက္ကသိုလ်(ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် မေ ၂၀ ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၆ ခုနှစ် စက်တင်ဘာလ(၁၁)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၃/၂၀၁၆ ဖြင့် ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး အဖွဲ့ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် အဖွဲ့ ၀င်(၁၁)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ လုပ်ငန်းတာဝန်များအဖြစ် ရန်ကုန်တက္ကသိုလ်တွင် အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားရေးနှင့် ပညာရည် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် ပညာရပ် ဝန်းကျင်ကောင်းများ ပြည့်စုံကောင်းမွန်စေရေး ဆောင်ရွက်ခြင်း၊ ရန်ကုန်တက္ကသိုလ်၏ရှိပြီး အဆောက်အအုံများ၊ အခြေခံအဆောက် အအုံများကို…



၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းပြီးမြောက်ခြင်း ဂုဏ်ပြုပွဲကျင်းပ

နေပြည်တော်၊ မေ ၂၀ =========================== ၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြီးမြောက် ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၊ ၅၊ ၂၀၁၉ ရက်နေ့ နံနက် (၁၀)နာရီတွင် မြင်းခြံဒီဂရီကောလိပ် ဘက်စုံခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ မြင်းခြံမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက “ပန်းများဝေစီ ပွင့်ဖူးသည်” သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က အမှာစကားပြောကြားသည်။ ယင်းနောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း က ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားသည်။ ဆက်လက်၍ မြင်းခြံမြို့နယ်မဲဆန္ဒနယ်မြေ အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်အေးက ဂုဏ်ပြုစကားပြောကြားသည်။ ထို့နောက် စာတတ်မြောက်ရေးလုပ်ငန်း…



Transformation by Innovation in Distance Education (TIDE) ၏ 3th Residential School ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် မေ ၂၀ Transformation by Innovation in Distance Education (TIDE) ၏ 3th Residential School ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် သိပ္ပံသုတေသန အဆောက် အဦရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် TIDE စီမံချက်သည် မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံမှတက္ကသိုလ်များအတူ တကွပူးပေါင်းပြီး မြန်မာနိုင်ငံ အတွက် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည့် အဝေးသင်ပညာရေးစနစ်ဖွံ့ဖြိုး တိုးတက်စေရန် အဝေးသင် ပညာရေးတွင်သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူပေါင်း ၅၀၀၀၀၀ ကျော်ကို အလုပ်အကိုင် အခွင့် အလမ်းရရှိနိုင်သော ကျွမ်းကျင်မှုများ တိုးတက်စေရန်အတွက် မျှော်မှန်းဆောင်ရွက်လျက်ရှိသည့် စီမံချက်ဖြစ်ပါ ကြောင်း၊…



ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တို့မှ ကျောင်းအုပ်ဆရာ ဆရာမများနှင့်တွေ့ဆုံပွဲကျင်းပ

ရန်ကုန် မေ ၁၉ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန် အရှေ့ပိုင်းခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တို့မှ ကျောင်းအုပ်ဆရာ ဆရာမများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းရှိ စန္ဒိမာ ခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ (၂၅) ရက်နေ့မှစ၍ ကျောင်းစတင်ဖွင့်သည့် ဇွန်လ(၁)ရက် နေ့မှ မတ်လ(၃၁)ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ် သဖြင့် ဆရာ ဆရာမများအားလုံး၊ ကျောင်းအုပ်ကြီးများ အားလုံးက မိဘ အုပ်ထိန်းသူ ပြည်သူများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ ပညာရေးအရည်အသွေး ကောင်းမွန်စေရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်း…



(၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်၊ သင်ရိုးမာတိကာမူကြမ်းအပေါ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏သဘောထားမှတ်ချက်၊ အတည်ပြုချက် ရယူခြင်း အစည်းအဝေးကျင်းပ

ရန်ကုန် မေ ၁၇ (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်၊ သင်ရိုးမာတိကာ မူကြမ်း အပေါ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏သဘောထားမှတ်ချက်၊ အတည်ပြုချက်ရယူခြင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(NESP၂၀၁၆-၂၀၂၁)တွင် ဆရာအတတ်ပညာရေး၏ အဆင့်အတန်းကို မြှင့်တင်ရာတွင် ဆရာများသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ သို့ဖြစ်၍ ဆရာအတတ်ပညာရေး၏ အဆင့်အတန်းကို ပြုပြင်ပြောင်းလဲရန် အဓိကကျပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် လုပ်ငန်းခွင်အကြို ဆရာအတတ် ပညာရေး၏အရည်အသွေးမြှင့်တင် ရာတွင် သိသာထင်ရှား သော တိုးတက်မှုများဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ အရေးကြီးသော နယ်ပယ်တစ်ခုတွင် (၂)နှစ်သင် ပညာ…



ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော် မေ ၁၅ ============= ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။ သတင်းစာရှင်းလင်းပွဲတွင် ပညာရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ပညာသင်ကြားခွင့်ရရှိရေး၊ မည်သည့်တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး၊ ကျောင်း နေမြဲ၍ ကျောင်းထွက်သူ မရှိစေရေး၊ တာဝန်ယူ တာဝန်ခံ၍ ပူးပေါင်းဆောင်ရွက်တတ်ပြီး တီထွင်ဆန်းသစ် ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများ ပြုစုပျိုးထောင်ရေး၊ တစ်သက်တာ သင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရေးဆိုသည့် မျှော်မှန်းရလဒ်များဖြင့်…



ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲကျင်းပ

မော်လမြိုင် မေ ၁၁ ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ခြင်း နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် မော်လမြိုင် မြို့ Hotel KS ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်း၊ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဆက်စပ်ဝန်ကြီးဌာန များမှ အမြဲတမ်းအတွင်းဝန်များ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီအဖွဲ့ဝင်များ၊ မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခချုပ်များ၊ သက်မွေးပညာ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး…



ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဒက္ခိဏခရိုင်၊ အခြေခံပညာမူလတန်းအဆင့်၊ တတိယတန်း(Grade-3)သင်ရိုးသစ် မြို့နယ်အဆင့်ဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော်၊ မေ ၁၀ြ ပည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ အခြေခံပညာမူလတန်းအဆင့် တတိယတန်း(Grade-3)သင်ရိုးသစ် မြို့နယ်အဆင့်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၁၀၊ ၅၊ ၂၀၁၉ ရက်နေ့ နံနက်(၈)နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေး ၀န်ကြီးဌာနရှိ ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပညာရေးမှူး၊ ခရိုင်၊မြို့နယ်ပညာရေးမှူးများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားမူလတန်းပြဆရာဆရာမများ တက်ရောက်ကြ သည်။ေ ရှးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အခြေခံပညာရေး စနစ်ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ကျောင်းသားကျောင်းသူများ သင်ယူတတ်မြောက်မှုအရည် အသွေး ပိုမိုကောင်းမွန်စေရေးအတွက် သင်ရိုးသစ်အရပြုစုထားသောပြဌာန်းစာအုပ်များ၊ သင်ကြားသင်ယူမှုနည်းစနစ်အသစ်များ၊ စစ်ဆေးဆန်းစစ်အကဲဖြတ်နည်းသစ်များဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာသင်ခန်းအတွင်းရှိ ကျောင်းသားကျောင်းသူများအား စာမေးပွဲဖြေဆိုနိုင်ရေးနှင့်ရမှတ်ကောင်းမွန်ရေးအတွက် အဓိကထားသင်ကြား၊သင်ယူမှုမျိုးမလုပ်ဘဲ…