Loading...

၂၀၁၈ ခုနှစ်​ တက္ကသိုလ်​ဝင်​စာ​မေးပွဲ အမှတ်​စာရင်း Mobil စနစ်​ဖြင့်​ထုတ်ပေး

မြန်​မာနိုင်​ငံစာစစ်​ဦးစီးဌာနမှ တနင်္သာရီတိုင်း​ဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်​ တက္ကသိုလ်​ဝင်​စာ​မေးပွဲ အမှတ်​စာရင်း Mobil စနစ်​ဖြင့်​ ​အောက်​ပါအစီအစဉ်​အတိုင်း လာ​ရောက်​ထုတ်​​ပေးမယ်​လို့. သိရပါ​ကြောင်း..

8 month ago ReadMore ...

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ် မေးခွန်းပုံစံသစ်အတွက် ရှင်လင်းတင်ပြချက်

၂၀၁၉ ခုနှစ် (မတ်လ) တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ပြောင်းလဲအသုံးပြု မည့် ဇီဝဗေဒဘာသာရပ်မေးခွန်းပုံစံသစ် မိတ်ဆက် ဒေါက်တာသီတာလေးသွယ်၊ ပါမောက္ခ(ဌာမှူး)၊ သတ္တဗေဒဌာန၊ ရန်ကုန်တက္ကသိုလ် ပညာရေးဝန်ကြီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူ တတ်မြောက်မှု အရည်အသွေးမြင့်မားရေးကို ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ သင်ယူတတ်မြောက်မှု အရည်အသွေးအခြေအနေကို ပညာရည် စစ်ဆေးအကဲဖြတ်ခြင်းဖြင့် ဆန်းစစ်ရာတွင် ပိုမိုထိရောက်မှုရှိစေရန် စာမေးပွဲမေးခွန်းလွှာပုံစံ ပြောင်းလဲခြင်းကိုလည်း ဆောင်ရွက်နေပါသည်။ စာမေးပွဲမေးခွန်းလွှာသည် ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု အခြေအနေကို တိုင်းတာသိရှိနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည့်အလျောက် သင်ယူ တတ်မြောက်မှု အရည်အသွေးမြင့်မားရေးတွင် အဓိက အစိတ် အပိုင်း တစ်ခုဖြစ်သည့်အပြင် ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှုကိုလည်း ပိုမိုကောင်းမွန်စေရန် အားပေးမှုပြုနိုင်ပါသည်။ ဇီဝဗေဒဘာသာရပ်၏ မေးခွန်းပုံစံသစ်သည် ပညာရေးဝန်ကြီးဌာန၏ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သင်ယူ တတ်မြောက်မှု အရည်အသွေး မြင့်မားရေးဦးတည်ချက်နှင့် လိုက်လျော ညီထွေစွာ ကျောင်းသား၊ ကျောင်းသူများ အလွတ်ကျက် မှတ်ဖြေဆိုမှု လျော့ပါးစေရေး၊ စဉ်းစားတွေးခေါ်မျှော်မြင်မှု (Critical thinking) အရည်အသွေးရရှိရန်နှင့် ထိုအရည်အသွေးများ ပိုမိုကောင်းမွန်လာစေရန် ပြောင်းလဲထားခြင်း ဖြစ်ပါသည်။ ပြောင်းလဲသည်ဟုဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အခက်အခဲ မရှိစေရန် ဂရုပြုလျက် ယခင်မေးခွန်းပုံစံကို အခြေခံ၍ ပိုမိုကောင်းမွန်ပြီး ကျောင်းသား၊ ကျောင်းသူ အရည်အသွေးအလွှာစုံအတွက် ကြိုးစားဖြေဆိုနိုင်ရန် အခွင့်ရှိသော မေးခွန်းပုံစံသစ်ကို ဖြည့်စွက်ပြုပြင်ပြောင်းလဲခြင်းဖြစ်ပါသည်။ ယခင်မေးခွန်းပုံစံနှင့် မေးခွန်းပုံစံသစ်တို့ကို ဇယား (၁) တွင် နှိုင်းယှဉ်ဖော်ပြထားပါသည်။

8 month ago ReadMore ...

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ် မေးခွန်းပုံစံသစ်အတွက် ရှင်လင်း တင်ပြချက်

ဒေါက်တာချိုဝင်း၊ ပါမောက္ခ၊ သင်္ချာဌာန၊ ရန်ကုန်တက္ကသိုလ် သင်္ချာဘာသာရပ် မေးခွန်းပုံစံသစ်၏ အဓိက ရည်ရွယ်ချက်များမှာ (၁) ကျောင်းသား၊ ကျောင်းသူများ သင်္ချာဘာသာရပ်ကို ပိုမိုစိတ်ဝင်စား လာစေပြီး၊ သင်ရိုး ပြဌာန်းချက် သင်ခန်းစာအားလုံးကို လွှမ်းခြုံလေ့လာနိုင်စေရန်၊ (၂) အဖြေကို အလွတ်ကျက်မှတ် ဖြေဆိုခြင်းထက် သင်ခန်းစာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်း ရှိသလောက် စဉ်းစားတွေးခေါ်လေ့လာ သင်ယူနိုင်စေရန်၊ (၃) ရွေးချယ်စရာမေးခွန်း အရေအတွက်များခြင်းကြောင့် သင်ခန်းစာ အချို့ကို ရှောင်လွှဲ၍ ဖြေဆိုခြင်းဖြင့် တတ်မြောက်မှု အားနည်းခြင်းများ ကင်းဝေးလာစေရန်၊ (၄) သင်္ချာဘာသာရပ်သဘောကို အကဲဖြတ်တတ်စေပြီး၊ သင်ခန်းစာ သင်ယူတတ်မြောက်ခြင်း ကို အထောက်အကူဖြစ်စေရန်၊ (၅) အခန်းအချို့ကိုသာ အပိုင်ကျက်မှတ်ဖြေဆိုပြီး အမှတ်များများရခြင်းကို လျော့ပါးလာစေရန်တို့ ဖြစ်ပါသည်။ မေးခွန်းပုံစံသစ်သည် မေးခွန်းပုံစံအားလုံး အလုံးစုံပြောင်းလဲခြင်းမျိုး မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ၏ သင်္ချာဘာသာရပ်အပေါ် စိတ်ဝင်စားမှု၊ ကိုယ်ပိုင်ဉာဏ်စွမ်းရှိမှု၊ ကျွမ်းကျင် တတ်မြောက် သိနားလည်မှုတို့ကို အခြေခံ၍ မေးခွန်းပုံစံအချို့ ပြောင်းလဲခြင်းသာ ဖြစ်ပါသည်။ မေးထားသော မေးခွန်းများကို သေချာစွာ နားမလည်ဘဲ အဖြေကိုမှန်းဆထည့်ခြင်း၊ အက္ခရာစဉ်ကို တန်းစီရေးချဖြေဆိုခြင်းများဖြင့် အမှတ်ရသောမေးခွန်းများ မပါဝင်ပါ။ ထို့ကြောင့် ယခုမေးခွန်းပုံစံသစ်တွင် စဉ်းစားတွေးခေါ်မှုကို အခြေခံသော လွယ်သင့်ခက်မျှတသော မေးခွန်း များ ပိုမိုပါဝင်လာပါမည်။ ယခုမေးခွန်းပုံစံအသစ်မှာ Multiple Choice မေးခွန်းများ မပါဝင်တော့ဘဲ SECTION (A)၊ SECTION (B) နှင့် SECTION (C) ဟူ၍ အပိုင်း(၃)ပိုင်း ပါဝင်မည်ဖြစ်ပါသည်။ မေးခွန်း အပိုင်းအားလုံး ဖြေဆိုရမည်ဖြစ်ပြီး၊ သင်ခန်းစာအားလုံး လွှမ်းခြုံအောင်မေးထားသည့် မေးခွန်း ဖြစ်ပါသည်။ SECTION တစ်ခုချင်းအလိုက် ရှင်းပြပါမည်။ SECTION (A) တွင် မေးခွန်း(၅)ပုဒ်မေးထားပြီး၊ မေးခွန်းအားလုံးဖြေဆို ရပါမည်။ အပုဒ်တိုင်းမှာ အပုဒ်ခွဲ (a) နှင့် (b) ခွဲ၍ မေးထားပြီး၊ အပုဒ်ခွဲတစ်ပုဒ်လျှင် (၃)မှတ် ပေးထားပါသည်။ စုစုပေါင်း (၃၀)မှတ်ဖြစ် သည်။ Chapter 1 to 7 မှ အပုဒ်ခွဲ(၆)ပုဒ်နှင့် Chapter 8 to 12 မှ အပုဒ်ခွဲ(၄)ပုဒ် မေးမှာဖြစ်ပြီး၊ စုစုပေါင်းအပုဒ်ခွဲ (၁၀)ပုဒ်ပါဝင်မှာဖြစ်သည်။ အပုဒ်ခွဲ(၁၀)ပုဒ်တွင် Chapter (4) နှင့် Chapter (9) အခန်းများမှ မေးခွန်းများ ပါဝင်ပါက ကျန်သော SECTION များတွင် မေးမည်မဟုတ်ပါ။ SECTION (B) တွင် Chapter 1 to 7 မှ မေးခွန်း(၅)ပုဒ် မေးထားပြီး၊ ကြိုက်နှစ်သက်ရာ မေးခွန်း(၄)ပုဒ်ကိုသာ ဖြေဆိုရပါမည်။ မေးခွန်းတစ်ပုဒ်စီတွင် အပုဒ်ခွဲ (a) နှင့် (b) ခွဲ၍ မေးမည် ဖြစ်ပြီး၊ မေးခွန်းတစ်ပုဒ်လျှင် (၁၀)မှတ်ပေးထားပါသည်။ စုစုပေါင်း (၄၀)မှတ်ဖြစ်သည်။ SECTION (B) အတွက် ကန့်သတ်ချက်များမှာ မေးခွန်းတစ်ပုဒ်စီတွင် အပုဒ်ခွဲ (a) နှင့် (b) ကို Chapter တစ်ခုတည်းမှ တွဲ၍မေးမည်မဟုတ်ပါ။ သို့သော် Chapter 1 to 7 မှ Chapter များကိုသာ တွဲမေးမည်ဖြစ်ပြီး ဘာသာရပ်အခြေခံ အနည်းငယ်ရှိရုံမျှဖြင့် ဖြေဆိုနိုင်သော မေးခွန်း များပါဝင်ပါမည်။ မေးခွန်းတစ်ခုစီတွင် ပါဝင်သော အပုဒ်ခွဲ (a) နှင့် (b) အတွဲတိုင်းသည် မတူညီသော အတွဲများ မေးမည်ဖြစ်သော်လည်း စဉ်းစားတွေးခေါ်မှု အနည်းငယ်သာပါဝင်သော မေးခွန်းများပါဝင်ပါမည်။ Chapter 1 to 7 မှ Chapter အားလုံး ကျွမ်းကျင်တတ်မြောက်မှုကို စစ်မေးသော မေးခွန်းများသာ ဖြစ်သည်။ SECTION (C) တွင် Chapter 8 to 12 မှ မေးခွန်း(၄)ပုဒ် မေးထားပြီး၊ ကြိုက်နှစ်သက်ရာ မေးခွန်း(၃)ပုဒ်ကိုသာ ဖြေဆိုရမည်။ မေးခွန်းတစ်ပုဒ်စီတွင် အပုဒ်ခွဲ (a) နှင့် (b) ခွဲ၍ မေးမည် ဖြစ်ပြီး၊ မေးခွန်းတစ်ပုဒ်လျှင် (၁၀)မှတ်ပေးထားပါသည်။ စုစုပေါင်း (၃၀)မှတ်ဖြစ်သည်။ SECTION (C) အတွက် ကန့်သတ်ချက်များမှာ မေးခွန်းတစ်ပုဒ်စီတွင် အပုဒ်ခွဲ (a) နှင့် (b) ကို Chapter တစ်ခုတည်းမှ တွဲ၍မေးမည်မဟုတ်ပါ။ မေးခွန်း တစ်ပုဒ်စီတွင် ပါဝင်သော အပုဒ်ခွဲ (a) နှင့် (b) အတွဲတိုင်းသည် မတူညီသော အတွဲများဖြင့် မေးမည်ဖြစ်ပါသည်။ သို့သော် သာမန်ရိုးစင်း ရှင်းလင်းလွယ်ကူသော မေးခွန်းများနှင့် စဉ်းစားတွေးခေါ်မှုကို အားပေးသော မေးခွန်းများ ပါဝင်ပါမည်။ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအတွက် ဖြေဆိုမှု အခက်တွေ့ စေမည့် ပညာပြမေးခွန်းများ မပါဝင်ပါ။ ကျောင်းသား၊ ကျောင်းသူများ သင်္ချာဘာသာရပ်ကို ကျေညက်ပြီး စဉ်းစားတွေးခေါ် တတ်အောင် လေ့ကျင့်ပေးသည့် မေးခွန်းများသာ ပါဝင်ပါမည်။ အပိုင်း (၃)ပိုင်းလုံးအတွက် စုစုပေါင်း (၁၀၀)မှတ်ဖြစ်ပြီး၊ ဖြေဆိုချိန် (၃)နာရီဖြစ်ပါသည်။ ဖြေဆိုရမည့် ပုံစံသိအောင် မေးခွန်းပုံစံနှင့် မေးခွန်းခွဲဝေမှုများ တင်ပြထားပါသည်။ အချုပ်အားဖြင့် တင်ပြလိုသည်မှာ ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံအသစ်သည် ယခင် မေးခွန်းပုံစံထက် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ပိုင်ဉာဏ်စွမ်း အတွေးအခေါ်နှင့် တစ်နှစ်ပတ်လုံးပုံမှန် လေ့လာသင်ယူ လေ့ကျင့်မှုအပေါ်တွင် အားပြု ဖြေဆိုနိုင်မည့် မေးခွန်းပုံစံ ဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူများအတွက် သင်္ချာဘာသာရပ်ကို ကောင်းစွာနားလည် သဘောပေါက်ပြီး မှန်ကန်စွာတွက်ချက် ဖြေဆိုနိုင်မည်ဟု ယုံကြည်ပါသည်။ နမူနာမေးခွန်းပုံစံကို ပညာရေးဝန်ကြီးဌာန၏ Website ဖြစ်သော www.moe.gov.mm တွင် (၁၀-၅-၂၀၁၈) ရက်နေ့မှစ၍ ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။ နမူနာမေးခွန်း တည်ဆောက်ပုံကို လေ့လာနိုင်ရန် ပူးတွဲဖော်ပြထားပါသည်။

8 month ago ReadMore ...

၂၀၁၉ ခုနှစ် မတ်လ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စတင်အသုံးပြုမည့် မြန်မာစာဘာသာရပ်မေးခွန်းပုံစံသစ်ဆိုင်ရာ သိမှတ်ဖွယ်ရာ (သတင်းစာဆောင်းပါး)

ဒေါက်တာအောင်မြင့်ဦး ပါမောက္ခ (ဌာနမှူး) မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ် ယခုဆောင်းပါးသည် ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် စတင်အသုံးပြုမည့် မြန်မာစာဘာသာ ရပ် မေးခွန်းပုံစံသစ်နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းတင်ပြမည့် ဆောင်းပါး ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် စတင်အသုံးပြုမည့် မြန်မာစာမေးခွန်း ပုံစံသစ်သည် ကျောင်းသား ကျောင်းသူတို့ သင်ခန်းစာကို နှုတ်တိုက်အလွတ်ကျက်မှတ် ခြင်းထက် သင်ယူလေ့လာဆည်းပူးထား သော သင်ခန်းစာများကို ကိုယ်ပိုင်စဉ်းစား တွေးခေါ်မှု၊ ကိုယ်ပိုင်ရေးသားတင်ပြမှု စွမ်းရည်တို့ဖြင့် ပေါင်းစပ်ကာ ဖြေဆိုနိုင်မည့် ပုံစံသို့ ဦးတည်ပြောင်းလဲထားခြင်း ဖြစ်ပါ သည်။ ထိုသို့ပြောင်းလဲရာတွင် အလုံးစုံ ပြောင်းလဲခြင်းမျိုးမဟုတ်ဘဲ ကျောင်းသား ကျောင်းသူတို့၏ အားသာချက် အားနည်း ချက်၊ ဆရာ ဆရာမများ၏ သင်ကြားမှု အတွေ့အကြုံ၊ စာစစ်အတွေ့အကြုံ၊ မြန်မာစာ ဘာသာရပ်၏ သဘောသဘာဝ၊ ဘာသာရပ် လိုအပ်ချက်တို့အပေါ် အစစအရာရာ ချိန်ထိုးကာ ကျောင်းသား ကျောင်းသူများ နှင့် ဘာသာရပ်တို့အတွက် အသင့်လျော်ဆုံး နှင့် ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်မည့် အပိုင်း ကဏ္ဍအချို့ကိုသာ မွမ်းမံပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ မေးခွန်းပုံစံသစ်ကို ပြောင်းလဲထား သော်လည်း ကျောင်းသား ကျောင်းသူများ လေ့လာသင်ယူရမည့် ပြဋ္ဌာန်းချက်နှင့် သင်ခန်းစာတို့မှာ ပြောင်းလဲခြင်းမရှိပါ ။ တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ် အတွက် ပြဋ္ဌာန်းထားသည့်စာအုပ် လေးအုပ် ရှိပါသည်။ ယင်းတို့မှာ မြန်မာသဒ္ဒါအတွဲ(၂) အခန်း(၆)၊ မြန်မာကဗျာလက်ရွေးစင်၊ ပင်ရင်းမြန်မာစကားပြေ လက်ရွေးစင်နှင့် ရေသည်ပြဇာတ်တို့ဖြစ်ပါသည်။ စာစီစာကုံး မှာ ပြဋ္ဌာန်းစာအုပ် သတ်မှတ်မထားသော် လည်း ကျောင်းသား ကျောင်းသူများ လေ့လာ ဆည်းပူးရမည့် သင်ခန်းစာတစ်ခုအဖြစ် ပါဝင်ပါသည်။ ယခုမေးခွန်းပုံစံသစ်တွင် စာစီစာကုံးနှင့်အတူ ကျောင်းသား ကျောင်းသူ တို့၏ ပင်ကိုÓဏ်ရည်Óဏ်သွေးနှင့် အစွမ်းအစကို ဖော်ထုတ်ပြသနိုင်မည့် အဆိုဆွေးနွေးသည့်မေးခွန်းတစ်ပုဒ် ပါဝင် လာမည် ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် ပြောင်းလဲအသုံးပြု မည့် မြန်မာစာမေးခွန်းပုံစံသစ်ကို ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထိ ကျင့်သုံး ခဲ့သော မေးခွန်းပုံစံနှင့် မေးခွန်းနံပါတ် တစ်ခုစီအလိုက် ဆက်လက်ရှင်းလင်းတင်ပြ သွားပါမည်။ မေးခွန်း နံပါတ် ၁ မေးခွန်း နံပါတ် ၁ တွင် ယခင်က မေးခွန်းပုဒ်ခွဲ (က)၊ (ခ)၊ (ဂ)၊ မေးခွန်းပုဒ်ခွဲ သုံးပုဒ်ပါဝင်ပြီး မေးခွန်းပုံစံသစ်တွင် မေးခွန်း ပုဒ်ခွဲ (က) နှင့် (ခ) နှစ်ပုဒ်သာ ပါဝင်မည် ဖြစ်ပါသည်။ မေးခွန်းနံပါတ် ၁။ (က)သဒ္ဒါ အဓိပ္ပာယ်ဖွင့်ဆိုချက်မေးခွန်းကို ပြောင်းလဲ ခြင်းမပြုပါ။ သို့ရာတွင် ရွေးချယ်ရန်အတွက် ယခင်က ငါးခုပေးသော်လည်း မေးခွန်းပုံစံသစ် တွင် သုံးခုသာ မေးပါမည်။ ယခင် မေးခွန်းနံပါတ် ၁။ (ခ)သည် ပေးထားသော စကားလုံးများကို သဒ္ဒါအမျိုး အစား ဖော်ပြစေသောမေးခွန်း ဖြစ်ပါသည်။ ခြောက်ခုမေး၍ လေးခုဖြေဆိုရပါသည်။ မေးခွန်းနံပါတ် ၁။ (ဂ) တွင်ပေးထားသော စကားလုံးကို ဝါကျတွင် သုံးပြစေခြင်း ဖြစ်ပါ သည်။ ငါးခုမေးပြီး သုံးခုဖြေဆိုရပါသည်။ ပြောင်းလဲသည့် မေးခွန်းပုံစံသစ်တွင် မေးခွန်းနံပါတ် ၁။ (ခ) နှင့် ၁။ (ဂ) သဘော တရားနှစ်ခုကို ပေါင်းစပ်ကာ ၁။ (ခ)တစ်ပုဒ် တည်းအဖြစ် သဒ္ဒါလက်တွေ့လေ့ကျင့်ခန်း အမျိုးမျိုးကို မေးမြန်းနိုင်ရန် ပြောင်းလဲထား ပါသည်။ မြန်မာသဒ္ဒါ ပြဋ္ဌာန်းချက်ပါ သင်ခန်းစာအသီးသီးမှ ကျောင်းသား ကျောင်းသူ များ အမှန်တကယ် နားလည်ဖြေဆိုနိုင်မည့် လက်တွေ့လေ့ကျင့်ခန်းအမျိုးမျိုးကို မေးမြန်း မည်ဖြစ်ပါသည်။ ယခင်က ၁။ (ခ) သည် သဒ္ဒါစကားလုံးများပေးထားပြီး သဒ္ဒါအမျိုး အစားကို ဖော်ပြစေခြင်းဖြစ်သည်။ ၁။ (ဂ) သည် ပေးထားသော သဒ္ဒါစကားလုံးကို သဒ္ဒါ မှန်စွာ ဝါကျဖွဲ့စေခြင်းဖြစ်သည်။ ပြောင်းလဲ သည့်မေးခွန်းတွင် ၁။ (ခ) နှင့် ၁။ (ဂ) သဘောတရားနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ မြန်မာသဒ္ဒါကို ကောင်းစွာ နားလည်သဘောပေါက်ပြီး ပြဋ္ဌာန်းစာပါ လေ့ကျင့်ခန်းများကို မှန်မှန်လေ့ကျင့်ထားပါက အလွတ်ကျက်မှတ်ရန်မလိုဘဲ အလွယ်တကူ ဖြေဆိုနိုင်မည့် မေးခွန်းပုံစံဖြစ်ပါသည်။ ယခင်က ၁။ (ခ) လေးမှတ်ပေးသည့် မေးခွန်းနှင့် ၁။ (ဂ) ခြောက်မှတ်ပေးသည့် မေးခွန်း ပုဒ်ခွဲနှစ်ခုကို ပေါင်းစပ်ကာ ၁။ (ခ) ၁၀ မှတ်ပေးသည့် မေးခွန်းအဖြစ် စုစည်း လိုက်သည့်အတွက် သဒ္ဒါစကားလုံးနှင့် သဒ္ဒါ အမျိုးအစားမေးခွန်းသာမက သဒ္ဒါစကားလုံး ဖွဲ့စည်းရေးသားစေခြင်း (ဥပမာ - ပေါင်းစပ် နာမ်စကားလုံး၊ ပေါင်းစပ်ကြိယာစကားလုံး၊ ကြိယာဝိသေသနစကားလုံး ဖန်တီးရေးသား စေခြင်း)၊ ဝါကျတွင်း ပုဒ်အထားအသို ပြင်ဆင် ရေးဖွဲ့စေခြင်း၊ ပေးထားသောဝါကျတွင် ဆီလျော်သောသဒ္ဒါစကားလုံး ဖြည့်စွက် ရေးသားစေခြင်း စသည့် သဒ္ဒါလေ့ကျင့်ခန်း မေးခွန်းအမျိုးမျိုးကို တိုးချဲ့မေးမြန်းနိုင်မည် ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်အထိ ကျင့်သုံးခဲ့သော မေးခွန်းနှင့် နှိုင်းယှဉ်ပါက မေးခွန်းပုံစံသစ်သည် ၁။ (ခ) သဒ္ဒါမေးခွန်းများတွင် သဒ္ဒါကို အလွတ်ကျက်မှတ်ခြင်းထက် သဒ္ဒါအကြောင်း နားလည်သဘောပေါက်ပြီး မှန်ကန်စွာ လက်တွေ့ရေးသားအသုံးပြုနိုင်သည့် မေးခွန်း မျိုးကို ပြောင်းလဲသွားမည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ လက်တွေ့ဘဝတွင် မြန်မာစာ မှန်ကန်စွာ ရေးသားအသုံးပြုနိုင်မှုအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ မေးခွန်းနံပါတ် ၂ တွင် မေးခွန်း ပုဒ်ခွဲ သုံးပုဒ် ပါဝင်ပါသည်။ ပုဒ်ရေအရေအတွက် အပြောင်းအလဲမရှိပါ။ မေးခွန်းနံပါတ် ၂။ (က) သည် ခက်ဆစ် ဖွင့်ဆိုခိုင်းခြင်း ဖြစ်ပါသည်။ မေးခွန်းပုံစံ အပြောင်းအလဲမရှိသော်လည်း ရွေးချယ်ရန် ပေးသည့် စကားလုံး ရှစ်ခုအစား စကားလုံး ခုနစ်ခုပြောင်းလဲပါမည်။ ကဗျာ၊ စကားပြေနှင့် ရေသည်ပြဇာတ်ပြဋ္ဌာန်းစာအုပ်များတွင် အနက် ဖွင့်ဆိုပေးထားသော ဝေါဟာရများ၏ အနက် အဓိပ္ပာယ်ကို သိရှိခြင်း ရှိ၊ မရှိ စစ်ဆေးသည့် မေးခွန်း ဖြစ်ပါသည်။ မေးခွန်းနံပါတ် ၂ မေးခွန်းနံပါတ် ၂။ (ခ) တွင် လက်ရှိ စစ်မေးလျက်ရှိသောပုံစံမှာ ပေးထားသည့် ဝေါဟာရကို ဝါကျအသီးသီးတွင် အသုံးပြု စေခြင်း ဖြစ်ပါသည်။ အဆိုပါမေးခွန်းအစား လက်ရှိတွင် ကျောင်းသား ကျောင်းသူများ၏ အားနည်းချက်ဖြစ်နေသည့် စာလုံးပေါင်း သတ်ပုံ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက် အမှား အမှန် စကားလုံးအတွဲတွင် စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်စေခြင်းကို ပြောင်းလဲစစ်မေးပါမည်။ မြန်မာစာအရေး အသားအခြေခံတွင် စာလုံးပေါင်းသတ်ပုံ မှန်ကန်ရေးသည် အဓိကကျသည့်အလျောက် ဤမေးခွန်းသည် မြန်မာစာအခြေခံ မှန်ကန် ရေးအတွက် လေ့ကျင့်ဖြည့်ဆည်းပေးခြင်း ဖြစ်ပါသည်။ စာလုံးပေါင်းသတ်ပုံမေးရာတွင် ပြဋ္ဌာန်းစာအုပ်များပါ ဝေါဟာရများကို အခြေခံ၍ တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသား ကျောင်းသူတို့ သိသင့်သိထိုက် သည့် စာလုံးပေါင်းများကို ရွေးချယ်စစ်မေးမည် ဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူများ အနေဖြင့် မြန်မာဝေါဟာရများ၏ စာလုံးပေါင်း အမှန်ကို ဂရုတစိုက် မှတ်သားထားပါက အထူးတလည် အလွတ်ကျက်မှတ်နေရန် မလိုဘဲ မှန်ကန်စွာ ဖြေဆိုနိုင်မည့် မေးခွန်းမျိုး ဖြစ်ပါသည်။ မေးခွန်းနံပါတ် ၂။ (ဂ)သည် အလင်္ကာ မေးခြင်းဖြစ်ပါသည်။ လက်ရှိမေးနေသည့် အလင်္ကာမေးခွန်းတွင် ဝေါဟာရများကို အလင်္ကာအမျိုးအမည်ဖော်ပြလျက် ပေးထား ပြီး သက်ဆိုင်ရာသင်ခန်းစာတွင် မည်သို့ သုံးထားကြောင်းနှင့် အဘယ်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း မေးပါသည်။ ပြောင်းလဲမည့်မေးခွန်းပုံစံတွင် အလင်္ကာ အမျိုးအမည်ကို မဖော်ပြတော့ဘဲ ပေးထား သော ဝေါဟာရအသုံးအနှုန်းကို အလင်္ကာ အမျိုးအစားဖော်ပြစေခြင်းနှင့် အဘယ့်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း ဖော်ပြစေခြင်း တို့ကို မေးမြန်းပါမည်။ ဖြေဆိုရာတွင် ပုံစံ တစ်မျိုးမျိုးကို သတ်မှတ်ဖြေဆိုစေခြင်းထက် ကျောင်းသား ကျောင်းသူတို့၏ အမှန်တကယ် နားလည် ဖြေဆိုနိုင်သည့် ဖြေဆိုချက်အပေါ် တွင်သာ အကဲဖြတ်အမှတ်ပေးသွားမည် ဖြစ်ပါသည်။ ပေးထားသော ဝေါဟာရအရေ အတွက်ကိုလည်း ရှစ်ခုမှ ခုနစ်ခုသို့ ပြောင်းလဲ သတ်မှတ်ထားပါသည်။ ပြောင်းလဲအသုံးပြုမည့်မေးခွန်းပုံစံအရ မေးခွန်းနံပါတ် ၂ ဝေါဟာရများကို လေ့လာရာ တွင် ပြဋ္ဌာန်းစာအုပ်များမှ ဝေါဟာရတို့၏ အနက်အဓိပ္ပာယ်ကို သိရှိစေခြင်း၊ မြန်မာ ဝေါဟာရတို့၏ စာလုံးပေါင်းသတ်ပုံ မှန်ကန်မှုကို အလေးထားလာစေခြင်း၊ အလင်္ကာကို အလွတ်ကျက်မှတ်ခြင်းထက် အလင်္ကာ၏ သဘောသဘာဝ နားလည် သဘောပေါက်စွာ ဖြေဆိုနိုင်မှုကို ဦးတည်လာ စေခြင်း စသည့်အကျိုးကျေးဇူးများ ဖြစ်ထွန်း စေမည် ဖြစ်ပါသည်။ မေးခွန်းနံပါတ် ၃ မေးခွန်းနံပါတ် ၃ တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။ ပုဒ်ရေ အပြောင်းအလဲ မရှိပါ။ နံပါတ် ၃။ (က) မှာ ကဗျာမေးခွန်းတို ဖြစ်ပါသည်။ မေးခွန်းပုံစံ အပြောင်းအလဲ မရှိသော်လည်း မေးမည့်မေးခွန်းကို ပိုမို ကျယ်ပြန့်စေရန် ပြင်ဆင်ထားပါသည်။ ကဗျာစာသား ကောက်နုတ်ချက်အတိုကို ပေးထားပြီး ဆိုလိုရင်းရေးသားစေသည့် မေးခွန်းမျိုး တိုးချဲ့မေးမြန်းသွားမည် ဖြစ်ပါ သည်။ ဖြေဆိုရန်မေးထားသည့် ပုဒ်ရေ အရေအတွက်ကို ရှစ်ပုဒ်မှ ခုနစ်ပုဒ်သို့ ပြောင်းလဲသတ်မှတ်ပါသည်။ ကဗျာမေးခွန်း တိုများကို မေးခွန်းပိုမိုကျယ်ပြန့်လာစေခြင်း ဖြင့် ကျောင်းသား ကျောင်းသူများ၏ ကဗျာ လေ့လာမှုကိုလည်း ပိုမိုကျယ်ပြန့်လာစေ မည်ဖြစ်ပါသည်။ ရွေးချယ်ရန် ပုဒ်ရေကို လျှော့ခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ပိုမိုကြိုးစားလိုစိတ် ဖြစ်လာစေပါမည်။ နံပါတ် ၃။ (ခ) ကဗျာမေးခွန်းရှည် ဖြစ်ပါသည်။ အပြောင်းအလဲမရှိပါ။ ဤမေးခွန်းသည် ကျောင်းသား ကျောင်းသူများ၏ လေ့လာ ကျက်မှတ်မှုအတွက် ပေးမှတ်၏ တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသား အတင်အပြ စွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျ ဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏ တစ်ဝက် စစ်ဆေးအကဲဖြတ် သည့် မေးခွန်းဖြစ်ပါသည်။ မေးခွန်းနံပါတ် ၄ မေးခွန်းနံပါတ် ၄ တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။ ပုဒ်ရေအပြောင်းအလဲ မရှိပါ။ နံပါတ် ၄။ (က)မှာ စကားပြေမေးခွန်းတို ဖြစ်ပါသည်။ မေးခွန်းပုံစံလည်း အပြောင်း အလဲမရှိပါ။ သို့ရာတွင် ဖြေဆိုရန် မေးထား သည့် ပုဒ်ရေအရေအတွက်ကို ရှစ်ပုဒ်မှ ခုနစ် ပုဒ်သို့ ပြောင်းလဲသတ်မှတ်ထားပါသည်။ မေးခွန်းနံပါတ် ၄ ။ (ခ) သည် စကားပြေ မေးခွန်းရှည်ဖြစ်ပါသည်။ အပြောင်းအလဲ မရှိပါ။ စကားပြေမေးခွန်းရှည်သည်လည်း ကဗျာမေးခွန်းရှည်ကဲ့သို့ပင် ကျောင်းသား ကျောင်းသူများ၏ လေ့လာကျက်မှတ်မှုအတွက် ပေးမှတ်၏ တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသား အတင်အပြစွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင် ခွင်ကျဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏တစ်ဝက် စစ်ဆေးအကဲဖြတ်သည့် မေးခွန်းဖြစ်ပါသည်။ မေးခွန်းနံပါတ် ၅ မေးခွန်းနံပါတ် ၅ တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။ ပုဒ်ရေအပြောင်းအလဲ မရှိပါ။ နံပါတ် ၅။ (က)သည် ရေသည်ပြဇာတ် စကားစပ်မေးခွန်း ဖြစ်ပါသည်။ ယခင် ခုနစ် မှတ်ပေးသည့်မေးခွန်းပုံစံအစား ငါးမှတ်ပေး သည့်မေးခွန်းပုံစံသို့ ပြောင်းလဲသတ်မှတ်ထား ပါသည်။ ဖြေဆိုရာတွင် စကားစပ်ဆိုင်ရာ အချက် ခြောက်ချက်အတွက် သုံးမှတ်၊ ဆိုလို ရင်းကို ရှင်းလင်းရေးသားဖြေဆိုခြင်းအတွက် နှစ်မှတ်သတ်မှတ်ထားရာ ဖြေဆိုရသည့် အချက်အလက်နှင့် အမှတ်ခွဲဝေမှုမှာ ပိုမို ရှင်းလင်းပြတ်သားလာမည်ဖြစ်ပါသည်။ မေးခွန်းနံပါတ် ၅။ (ခ)သည် ရေသည် ပြဇာတ်မေးခွန်းရှည် ဖြစ်ပါသည်။ လက်ရှိ မေးခွန်းတွင် အကြောင်းအရာပိုင်းကိုသာ မေးပြီး ပေးမှတ်မှာ ရှစ်မှတ်ဖြစ်ပါသည်။ ပြောင်းလဲမည့် မေးခွန်းပုံစံတွင် ပြဇာတ် အကြောင်းအရာတစ်ပုဒ်နှင့် ပြဇာတ်အတတ် ပညာ၊ အရေးအသားတစ်ပုဒ်မေးမြန်းပြီး နှစ်သက်ရာကို ရွေးချယ်ဖြေဆိုစေမည် ဖြစ်ပါ သည်။ ပေးမှတ်ကိုလည်း ရှစ်မှတ်အစား ၁၀ မှတ်သို့ ပြောင်းလဲသတ်မှတ်ပါမည်။ ကျောင်းသား ကျောင်းသူများသည် ပြဇာတ် လေ့လာရာတွင် ပြဇာတ်၏ အရေးအသား အတင်အပြနှင့် ပြဇာတ်ဖန်တီးမှုအတတ်ပညာ တို့ကိုလည်း မလွဲမသွေ လေ့လာဆည်းပူးသင့် သည်ဖြစ်ရာ အတတ်ပညာနှင့် အရေးအသား တို့ကိုလည်း ပြဇာတ်မေးခွန်းတွင် ထည့်သွင်း မေးမြန်းသွားမည်ဖြစ်ပါသည်။ ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံအရ မေးခွန်းနံပါတ် ၅ (ခ) ရေသည်ပြဇာတ်မေးခွန်း ရှည်တွင် ပြဇာတ်၏ အကြောင်းအရာသာမက ပြဇာတ်စာပေ၏ သဘောလက္ခဏာများ၊ ပြဇာတ်ဖန်တီးမှု အတတ်ပညာများကို ကျောင်းသား ကျောင်းသူများ ပိုမိုနားလည် သိရှိလာစေမည်ဖြစ်ပြီး ပြဇာတ်လေ့လာရာတွင် ပိုမိုစိတ်ဝင်စားလာမည် ဖြစ်ပါသည်။ ရေသည် ပြဇာတ်မေးခွန်းရှည်၏ သဘောသဘာဝ သည်လည်း ကဗျာမေးခွန်းရှည်နှင့် စကားပြေ မေးခွန်းရှည်တို့ကဲ့သို့ပင် လေ့လာကျက်မှတ်မှု အတွက် ပေးမှတ်၏တစ်ဝက်၊ မိမိကိုယ်ပိုင် အရေးအသား အတင်အပြစွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျ ဖြေဆိုတင်ပြနိုင်မှု အတွက် ပေးမှတ်၏တစ်ဝက် စစ်ဆေး အကဲဖြတ်မည်ဖြစ်ပါသည်။ မေးခွန်းနံပါတ် ၆ မေးခွန်းနံပါတ် ၆ သည် ယခင်က စာစီစာကုံးတစ်မျိုးတည်းကိုသာ ဖြေဆိုရသည့် မေးခွန်း ဖြစ်ပါသည်။ ပေးမှတ်မှာ အမှတ် ၂၀ ဖြစ်ပါသည်။ သုံးပုဒ်မေး၍ တစ်ပုဒ် ဖြေဆို ရပါသည်။ ပြောင်းလဲမည့် မေးခွန်းပုံစံတွင် မေးခွန်းနံပါတ် ၆ ကို (က) နှင့် (ခ) ခွဲ၍ မေးခွန်းပုဒ်ခွဲနှစ်ပုဒ်အဖြစ် ပြင်ဆင်ထားပါ သည်။ ၆။ (က) ကို ၁၀ မှတ်ပေးသည့် စာစီစာကုံး မေးခွန်းအဖြစ်လည်းကောင်း၊ ၆။ (ခ) ကို အဆိုတစ်ခုဆွေးနွေးစေသည့် ၁၀ မှတ်ပေးသော မေးခွန်းအဖြစ် လည်းကောင်း ပြောင်းလဲထားပါသည်။ ယခင်က နံပါတ် ၆ စာစီစာကုံးမေးခွန်း တွင် သုံးပုဒ်ပေး တစ်ပုဒ်ဖြေသတ်မှတ်ခဲ့သော် လည်း ယခုပြောင်းလဲထားသည့် မေးခွန်းပုံစံ ၆။ (က) တွင် နှစ်ပုဒ်ပေး တစ်ပုဒ်ဖြေ အဖြစ် လည်းကောင်း၊ ပုံကြမ်းအချက်အလက်ကို ယခုပုံစံတွင် အချက် ငါးချက်သာပေး၍ အချက်တစ်ချက် နှစ်မှတ်နှုန်းဖြင့် ဖြေဆိုစေရန် လည်းကောင်း၊ စာစီစာကုံးပေးမှတ်ကို အမှတ် ၂၀ အစား ၁၀ မှတ်သို့လည်းကောင်း ပြောင်းလဲသတ်မှတ်ပါသည်။ မေးထားသည့် ပုံကြမ်းအချက်အလက်များကို မိမိ၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းဖြင့် ရေးသားဖြေဆိုရမည် ဖြစ်ပါသည်။ ပုံကြမ်းအချက်အလက်ကို အခြေခံကာ မိမိစိတ်ကူးစိတ်သန်းဖြင့် ရေးသားရမည်ဖြစ်ရာ ပုံကြမ်းအချက်အလက် များကို အခြေမခံဘဲ အလွတ်ကျက်မှတ်ဖြေဆို ပါက အမှတ်မရရှိနိုင်သည့်ပုံစံသို့ ပြောင်းလဲ ထားခြင်း ဖြစ်ပါသည်။ ပေးထားသည့် စာစီစာကုံးနှစ်ပုဒ်တွင် သရုပ်ဖော်နှင့် ဖြစ်စဉ်ပြ ရေးနည်းကိုအခြေခံသည့် ခေါင်းစဉ်တစ်ပုဒ်နှင့် ကြောင်းကျိုးပြနှင့် ဖွင့်ဆိုရှင်းပြရေးနည်းကို အခြေခံသည့် ခေါင်းစဉ်တစ်ပုဒ်ကို မျှ၍ ပေးထားမည်ဖြစ်ပါသည်။ ၆။ (ခ) သည် အသစ်ဖြည့်စွက်ထည့်သွင်း ထားသောမေးခွန်းဖြစ်ပါသည်။ ပေးထားသော အဆိုတစ်ရပ်ကို ဆွေးနွေးစေသောမေးခွန်း သည် ကျောင်းသား ကျောင်းသူများ၏ ကိုယ်ပိုင်စဉ်းစားÓဏ်၊ အတွေးအခေါ်၊ ပင်ကို အရည်အသွေး ဖော်ထုတ်ပြသနိုင်သော မေးခွန်းပုံစံဖြစ်ပါသည်။ ဖြေဆိုရာတွင် စာဟန် အရေးအသားဖြင့်သာ ဆွေးနွေးတင်ပြကာ ဖြေဆိုရမည်ဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူတို့၏ ကိုယ်ပိုင်အတွေးအခေါ် စိတ်ကူးစိတ်သန်းကောင်းလျှင် ကောင်း သလောက်၊ အရေးအသားအတင်အပြကောင်း လျှင် ကောင်းသလောက် အမှတ်ရရှိနိုင်မည့် မေးခွန်း ဖြစ်ပါသည်။ ပေးထားသောအဆို မှာလည်း ကျောင်းသား ကျောင်းသူအားလုံး ရင်းနှီးကျွမ်းဝင်မည့် ယေဘုယျကျသော အဆို မျိုးကိုသာ ပေးထားမည်ဖြစ်ပါသည်။ သာဓက အားဖြင့် ]]နွေရာသီသည် ဆောင်းရာသီထက် ပို၍သာယာလှပသည်}}၊ ]]ကွန်ပျူတာကို အလွန်အကျွံအသုံးပြုခြင်းသည် ကျန်းမာရေး ကို ထိခိုက်စေသည်}}၊ ]]ရေဒီယိုနားထောင်ခြင်း သည် သတင်းစာဖတ်ခြင်းထက် ပို၍အကျိုး ရှိသည်}} စသည့်အကြောင်းအရာမျိုး ဖြစ်ပါ သည်။ အဆိုကို မှန်သည် မှားသည် အဆုံး အဖြတ်ပေးစေခြင်းမျိုးမဟုတ်ဘဲ မိမိအမြင် အတိုင်း၊ မိမိထင်မြင်ယူဆချက်အတိုင်း ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ အကျိုးသင့် အကြောင်းသင့် ဆွေးနွေးတင်ပြရန် ဖြစ်ပါသည်။ ယခင်နံပါတ် ၆ စာစီစာကုံး မေးခွန်း သည် အမှတ် ၂၀ ပေးထားရာ ပေးမှတ်များပြား သည့်အလျောက် စစ်ဆေးအကဲဖြတ်ရာတွင် အမှတ်ကွာဟချက်ကို ကြီးမားစေပါသည်။ ထို့ပြင် ကျောင်းသား ကျောင်းသူများအနေဖြင့် ကိုယ်ပိုင်ရေးသားတင်ပြမှုထက် အလွတ်ကျက် မှတ်မှုကိုသာ အားပြုဖြေဆိုလျက်ရှိကြပါသည်။ ပေးထားသော ပုံကြမ်းအချက်အလက်နှင့် ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ အလွတ် ကျက်မှတ်ထားသည်ကို များများရေးနိုင်လျှင် အမှတ်များများရနိုင်သည်ဟု ထင်မြင်ယူဆ လျက်ရှိကြသည့်အလျောက် ဤမေးခွန်းပုံစံ သည် ကျောင်းသား ကျောင်းသူများ အလွတ် ကျက်မှတ်ဖြေဆိုရန် အားသန်သည့် မေးခွန်း ပုံစံဖြစ်နေပါသည်။ ဤမေးခွန်းပုံစံကို လျှော့ချ ၍ ပုံကြမ်းပါအချက်အလက် ငါးချက်ကိုသာ အခြေခံပြီး ကျောင်းသား ကျောင်းသူများ၏ ကိုယ်ပိုင်အတင်အပြဖြင့် တိတိကျကျဖြေဆို နိုင်မည့် စာစီစာကုံးမေးခွန်းနှင့် ကျောင်းသား ကျောင်းသူတို့၏ ကိုယ်ပိုင်အတွေးအခေါ်၊ စိတ်ကူးစိတ်သန်းဖြင့် ဖြေဆိုနိုင်မည့်အဆို ဆွေးနွေးသည့် မေးခွန်းကို ဖြည့်စွက်လိုက်ခြင်း ဖြင့် ကျောင်းသား ကျောင်းသူတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ ယခု ပြောင်းလဲအသုံးပြုမည့်မေးခွန်း ပုံစံသည် အလွတ်ကျက်မှတ်သည့် မေးခွန်း ပုံစံထက် ကျောင်းသား ကျောင်းသူများ၏ ကိုယ်ပိုင်အတွေးအခေါ်နှင့် တစ်နှစ်ပတ်လုံး ပုံမှန်လေ့လာသင်ယူလေ့ကျင့်မှုအပေါ်တွင် အားပြုဖြေဆိုနိုင်မည့် မေးခွန်းပုံစံသို့ ပြောင်းလဲ ထားပါသည်။ ကျောင်းသား ကျောင်းသူများ မြန်မာစာဘာသာရပ်ကို ကောင်းစွာနားလည် သဘောပေါက်ပြီး မှန်ကန်စွာ လက်တွေ့ ရေးသားအသုံးပြုနိုင်သည့် မေးခွန်းပုံစံသို့ ပြောင်းလဲထားသည့်အလျောက် ကျောင်းသား ကျောင်းသူများ လက်တွေ့ဘဝတွင် မြန်မာစာ မှန်ကန်စွာရေးသား အသုံးပြုနိုင်မှုအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ ယခုမေးခွန်းပုံစံတွင် ကျောင်းသား ကျောင်းသူများ အလွတ်ကျက်မှတ်ဖြေဆိုနိုင် မည့် ရာခိုင်နှုန်းမှာ ၅၀ ရာခိုင်နှုန်း၊ ကျောင်းသား ကျောင်းသူများ တစ်နှစ်ပတ်လုံး လေ့လာဆည်းပူးမှုမှ ရရှိထားသည့် မြန်မာစာ ဆိုင်ရာ အသိပညာနှင့် ကိုယ်ပိုင်တွေးခေါ် စဉ်းစားမှု၊ ကိုယ်ပိုင်အရေးအသား အတင်အပြ စွမ်းရည်တို့ဖြင့် ဖြေဆိုရမည့် ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းတို့ဖြင့် အချိုးညီမျှစွာ ဖွဲ့စည်း ထားပါသည်။ ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံ သစ်သည် ယခင်အသုံးပြုခဲ့သည့် မေးခွန်း ပုံစံ၏ အားသာချက် အားနည်းချက်များ၊ ကျောင်းသား ကျောင်းသူတို့၏ အားသာချက် အားနည်းချက်များ၊ သင်ကြားပို့ချလျက်ရှိကြ သည့် ဆရာ ဆရာမတို့၏ ထိရောက်စွာ သင်ကြားနိုင်ရေး၊ မြန်မာစာဘာသာရပ်၏ သဘောသဘာဝနှင့် အနှစ်သာရ၊ စစ်ဆေး အကဲဖြတ်ရာတွင် ကျောင်းသား ကျောင်းသူ တို့ နစ်နာမှုမရှိစေရေး စသည့်ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်ကာ ပြုပြင်ပြောင်းလဲထား ခြင်းဖြစ်ရာ လေ့လာသင်ယူလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ၊ သင်ကြားသည့် ဆရာ ဆရာမများအတွက် အကျိုးဖြစ်ထွန်း စေမည်သာမက စစ်ဆေးအကဲဖြတ်ရာတွင် အမှတ်ခွဲဝေမှုစနစ် ပို၍ရှင်းလင်းပြတ်သား တိကျမှု ရှိလာမည်ဖြစ်ပါသည်။ ထို့ပြင် ကျောင်းသား ကျောင်းသူများ၏ စဉ်းစား တွေးခေါ်နိုင်စွမ်းထက်မြက်လာမှု၊ မြန်မာစာ ထိရောက်မှန်ကန်စွာ ရေးသားအသုံးချနိုင်မှု စသည့် လက်တွေ့ဘဝအတွက် ပိုမိုအသုံးဝင် မည့် သင်ကြားသင်ယူမှုအခြေအနေများ တိုးတက်ဖြစ်ထွန်းလာစေမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

8 month ago ReadMore ...

ပြည်ထောင်စုဝန်ကြီး ခရီးစဉ်

ယနေ့ (30-4-2018) ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးသည် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့သို့ ရောက်ရှိကာ ဒုတိယသင်ရိုးသစ် သင်တန်းများသို့ သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသွားကြောင်း သတင်းရရှိပါသည်။ တောင်ကြီးမြို့ အထက ၉ သို့ ရောက်ရှိစဉ် သင်တန်းသား ဆရာဆရာမများနှင့် တွေ့ဆုံကာ သင်တန်းကာလ လိုအပ်သည့် အခြေအနေများ သင်တန်းစရိတ်ရရှိမှုအခြေအနေ နေထိုင်စားသောက်ရေး သွားလာရေး အခြေအနေများ မေးမြန်းဆွေးနွေးကာ လိုအပ်သည်များ ညွှန်ကြားသွားကြောင်း သတင်းရရှိပါသည်။

8 month ago ReadMore ...

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မွန်ပြည်နယ် အခြေခံစာတတ်မြောက်ရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မွန်ပြည်နယ် အခြေခံစာတတ်မြောက်ရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု ရန်ကုန် ဧပြီ ၂၉ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ဧပြီ ၂၈ ရက် ညနေပိုင်းတွင် သထုံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် မော်လမြိုင် မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် Grade 2 သင်ရိုးသစ် နည်းပြသင်တန်းမှ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများနှင့်လည်းကောင်း၊ မော်လမြိုင်ပညာရေးကောလိပ်မှ သင်တန်းသား သင်တန်းသူများနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံကအခြေခံပညာမူလတန်းကျောင်း စာသင်ဝိုင်း၊ မိုးနိုင်းအခြေခံ ပညာမူလတန်းကျောင်း စာသင်ဝိုင်း၊ ဥတ္တံတား(အတွင်း)အခြေခံပညာမူလတန်းကျောင်း စာသင်ဝိုင်း၊ အင်းဝိုင်းအခြေခံပညာမူလတန်းကျောင်း စာသင်ဝိုင်း၊ ပန်းကုန်း(မွန်)အခြေခံပညာအလယ်တန်း ကျောင်း စာသင်ဝိုင်း၊ သထုံမြို့နယ် ငုတ္တိုအခြေခံပညာမူလတန်းကျောင်း စာသင်ဝိုင်းနှင့် ကရင် လေးဆိပ်အခြေခံပညာမူလတန်းကျောင်း စာသင်ဝိုင်းများသို့သွားရောက်၍ အခြေခံစာတတ်မြောက် ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုကြပြီး ဗလာစာအုပ်များနှင့် စာရေးကိရိယာများအား ပေးအပ်သည်။ မွန်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ဧပြီ(၉)ရက်မှ မေလ(၁၈)ရက်နေ့အထိ ရက်ပေါင်း(၄၀)သင်ကြားပေးလျက်ရှိရာ မွန်ပြည်နယ် ပေါင်မြို့နယ်တွင် စာသင်ဝိုင်း(၁၃၄)၀ိုင်းမှ စာ သင်သားဦးရေ(၁၃၃၇)ဦးအား မော်လမြိုင်တက္ကသိုလ်မှ ကြီးကြပ်၊ နည်းပြ(၂၁၈)ဦးဖြင့် လည်းကောင်း၊ မွန်ပြည်နယ် သထုံမြို့နယ်တွင် စာသင်ဝိုင်း(၂၅)၀ိုင်းမှ စာသင်သား(၂၆၆)ဦးအား မော်လမြိုင် တက္ကသိုလ်မှ ကြီးကြပ်၊ နည်းပြ(၄၇)ဦးဖြင့်လည်းကောင်း သင်ကြားပေးလျက်ရှိသည်။ ၂၀၁၈ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတွင် စာသင်ဝိုင်း(၅၂၃)၀ိုင်းဖြင့် စာသင်သားဦးရေ(၅၂၆၂)ဦးအား ကြီးကြပ်၊ နည်းပြ စုစုပေါင်း(၁၀၂၂)ဦးဖြင့် သင်ကြားပေးလျက်ရှိကြောင်းသိရသည်။ (ပညာရေး)

8 month ago ReadMore ...

Advertise Here
Advertise Here
Advertise here

Top Visited Posts

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန်စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကျင်းပ

trim(နေပြည်တော် နိုဝင်ဘာ ၂၅ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့်စာဖြေသူများလိုက်နာရန်စည်းကမ်းချက်များဆိုင်ရာဆွေးနွေးပွဲ သင်တန်းကို ၂၅၊ ၁၁၊ ၂၀၁၈ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးတက်ရောက် အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ၌ ကျင်းပသွားမည်ဖြစ်ပြီး၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံအသစ်တွင် ဘာသာရပ် အားလုံး၌ လွယ် သင့် ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကိုအားပေးသည့်မေးခွန်းများပိုမိုပါဝင်လာမည် ဟုသိရှိရပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများသည်၂၀၁၅ ခုနှစ်တွင် (၆၃၂၃၁၄)ဦး၊ ၂၀၁၆ ခုနှစ်တွင် (၆၇၁၄၃၁)ဦး၊ ၂၀၁၇ ခုနှစ်တွင် (၇၆၇၄၂၂) ဦးနှင့် ၂၀၁၈ ခုနှစ်တွင် (၈၄၄၃၅၈)ဦးရှိခဲ့ပြီး၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူ(၈၉၆၀၁၂)ဦး စာရင်းပေးသွင်းထားသဖြင့် (၂၅၀၀၀၀) ကျော်ပိုများလာပါကြောင်း၊စာစစ်ဌာနများကိုလည်း ၂၀၁၅ ခုနှစ်၌(၁၃၇၆)ခု၊ ၂၀၁၆ ခုနှစ်၌ (၁၄၇၀)ခု၊ ၂၀၁၇ ခုနှစ်တွင်(၁၅၉၄)ခု၊ ၂၀၁၈ ခုနှစ်တွင် (၁၇၄၂)ခုရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် (၁၈၈၁)ခုအထိတိုးမြှင့်၍ စာမေးပွဲဖြေဆိုသူများ ပိုမိုအဆင်ပြေနိုင်ဆုံးဖြစ်ရန်အတွက် သတ်မှတ်ချက်နှင့်ကိုက်ညီမှုအရ တိုးချဲ့ ဆောင်ရွက်ပေးထားပါကြောင်း၊ စာမေးပွဲဖြေဆိုမည့်ကျောင်းသားကျောင်းသူများနှင့် စာမေးပွဲခန်း ကြီးကြပ် မည့်ဆရာဆရာမများအဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းအစမှအဆုံးအထိ အကောင်းဆုံး ပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊စာမေးပွဲမေးခွန်း၊ အဖြေလွှာ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းများလုံခြုံမှုရှိစေရေး၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးတို့အတွက် ညီညွတ်စွာပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကြီးကြပ်ရေးမှူးများလက်ထောက်ကြီးကြပ်ရေးမှူးများနှင့် အထောက်အကူပြု ဆောင်ရွက်မည့်သူများအား ဘက်မလိုက်ဘဲ မျှတစွာတာဝန်ပေးအပ်ရန်လိုပါကြောင်း၊ စာမေးပွဲစည်းမျဉ်း စည်းကမ်းနှင့်အညီမေးခွန်းလုံခြုံမှုရှိရေး၊ စနစ်တကျလွှဲပြောင်း၊ လက်ခံမှတ်တမ်းဖြင့် သက်ဆိုင်ရာသို့ လက်ဆင့်ကမ်းအပ်နှံ ဆောင်ရွက်ကြရန်နှင့် ကုဒ်လုပ်ငန်းဆောင်ရွက်ရန်အတွက် လုံလောက်သော ဆရာဆရာမ အရေအတွက်ဖြင့် တာဝန်ပေးအပ်ရန်လိုပါကြောင်း၊ စာစစ်လုပ်ငန်းဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်ဆရာမများ၊ အသက် ၅၈ နှစ်အထက် အသက်အရွယ်ကြီးသောဆရာဆရာမများ၊ ကျန်းမာရေးမကောင်းသော ဆရာဆရာမများနှင့် ဘာသာရပ်နှင့်မကိုက်ညီသော အထက်တန်းပြ ဆရာဆရာမများအား စာစစ်တာဝန်ပေးခြင်းမပြုရန်နှင့် ဘာသာရပ်နှင့်ကိုက်ညီသော အထက်တန်းပြ လုပ်သက်(၂)နှစ် အထက်ရှိသည့်ဆရာဆရာမများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီ တာဝန်ပေးရန် နှင့် ပျက်ကွက်မှုမရှိအောင် အလေးထားပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း စသည်ဖြင့်ပြောကြား သည်။ ထို့နောက် တက်ရောက်လာသည့်ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဆွေးနွေး ဖြေကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်နှင့် တာဝန်ရှိသူများက ၂၀၁၉ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များနှင့်ပတ်သက်၍ ဆွေးနွေးပို့ချ ကြသည်။ အဆိုပါဆွေးနွေးပွဲသင်တန်းကို 25.11.2018 ရက်မှ 27.11.2018 ရက်နေ့အထိ ကျင်းပ မည်ဖြစ်ပြီး ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်၊ ရှမ်း(အရှေ့)၊ ချင်း(ပလက်ဝ) တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဆရာဆရာမစုစုပေါင်း ၁၀၆၇ ဦးတက်ရောက်ကြသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ပြဋ္ဌာန်းသင်ကြားမည့် Grade-10 ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်များရေးသားပြုစုရေးနှင့် စပ်လျဉ်းသည့်အစည်းအဝေး သို့ တက်ရောက်၍ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့်သင်ရိုး ရေးဆွဲရေး အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။)

4 month ago ReadMore ...

တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ပညာရေးဝန်ထမ်း သား၊သမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်း

trim(၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ပညာရေးဝန်ကြီးဌာနရှိအရာထမ်း ၊ အမှုထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁) ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း တက်ရောက်အမှာစကားပြောကြားသည်။ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည့် လူတိုင်းအကျုံးဝင်ပြီး တန်းတူညီမျှ အရည်အသွေးမြှင့်ပညာရေးကို အာမခံချက်ပေးရန်နှင့် အားလုံးအတွက် တစ်သက်တာပညာရေးကိုအာမခံချက်ပေးရန်နှင့် အားလုံးအတွက် တစ်သက်တာပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးရန်အတွက်အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေးနှင့် နည်းပညာနှင့် သက်မွေးပညာရေး ကဏ္ဍများတိုးတက်မြင့်မားရေးကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးအတွက် အခမဲ့အခြေခံပညာရေး အစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ သင်ကြားမှုအခွင့်အလမ်း မြင့်မားရေးအတွက် နိုင်ငံတော်၏ အစီအစဉ်ဖြင့် ပညာရေးဝန်ကြီးဌာနက ကောင်းမွန်သော ဆရာများဖြင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲ၊ ပြသနာ၊ မပြည့်စုံမှုနှင့် စိန်ခေါ်မှုများကို တီထွင်ကြံဆ ဖြေရှင်း၍ ပညာရေးအရည်အသွေး မြင့်မားလာရေးအတွက် ကျောင်းအပ်နှုန်းများ မြင့်မာလာရန်၊ ကျောင်းထွက်နှုန်းများ လျော့နည်းလာရန်၊ မူလတန်းကျောင်းသားကျောင်းသူအားလုံး မူလတန်းပညာသင်ယူပြီးမြောက်ရန်နှင့် သင်ယူတတ်မြောက်မှုအရည်အသွေး ကောင်းမွန်ရန်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းကလေးများ ကျောင်းပညာရေးမှာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့်များ တစ်ဆင်ြ့ပီးတစ်ဆင့် ပြီးမြောက်နိုင်ရန် ထောက်ပံ့ကူညီ ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများက ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာ (ဘာသာစုံ) ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ (၆၂)ဦးတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း၊ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဌ ဒေါက်တာတင်အောင်၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ပညာရေးမှူးများနှင့် ဆရာ၊ဆရာမများ၊ ၆ ဘာသာ(ဘာသာစုံ) ဂုဏ်ထူးရှင် ကျောင်းသားကျောင်းသူများနှင့် မိဘများတက်ရောက်ကြသည်။ ထို့အတူ (၅) ဘာသာ (၁၅၆)ဦး၊ (၄) ဘာသာ (၂၇၃) ဦး၊ (၃) ဘာသာ (၂၇၆) ဦး၊ (၂) ဘာသာ (၄၃၈) ဦး၊ (၁) ဘာသာ (၁၁၇၁) ဦး၊ ရိုးရိုးအောင်မြင်သူ (၅၁၂၉) ဦးတို့အား သက်ဆိုင်ရာ ဦးစီးဌာနများ အစီအစဉ်ဖြင့် ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပါကြောင်း သတင်းရရှိသည်။)

1year ago ReadMore ...