ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ၂၀၁၈ – ၂၀၁၉ ဒသမတန်း လူရည်ချွန် မောင်မယ်များတွေ့ဆုံ

ငွေဆောင် ဧပြီ ၂၉ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ၂၀၁၈ – ၂၀၁၉ ဒသမတန်း လူရည်ချွန် မောင်မယ်များတွေ့ဆုံပွဲကို ယနေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ ပုလဲငွေဆောင် ဟိုတယ်၌ ကျင်းပသည်။ ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နှုတ်ခွန်းဆက်စကားပြောကြား ရာတွင် လူရည်ချွန်မောင်မယ် များအား ယခုကဲ့သို့ တွေ့ဆုံရသည့်အတွက် ၀မ်းမြောက်မိ ပါကြောင်း၊ ၂၀၁၈ ခုနှစ် အင်းလေးလူရည်ချွန်စခန်းဖွင့်ပွဲအခမ်း အနားတွင် ဆုံဖူးကြသူများပါနိုင်ပြီး ယခု လူငယ်မောင်မယ်များ အားလုံးကို လူရည်ချွန်များအနေဖြင့် တွေ့ဆုံခွင့်ရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ လူရည်ချွန်များသည် မြန်မာနိုင်ငံမှ Grade-11 ကျောင်းသား ကျောင်းသူများထဲတွင် စာတော်သော ကျောင်းသား ကျောင်းသူများ ဖြစ်သကဲ့သို့ အားကစားနှင့်ကာယပညာတွင်လည်း ထူးချွန်ထက်မြက်သူများဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ယခုကဲ့သို့…



ဒသမတန်း လူရည်ချွန်မောင်မယ်များ လူရည်ချွန်စခန်း(ငွေဆောင်)သို့ ရောက်ရှိ

ငွေဆောင် ဧပြီ ၂၉ ၂၀၁၈ – ၂၀၁၉ ဒသမတန်း လူရည်ချွန်မောင်မယ်များသည် အုပ်ချုပ်သူ ဆရာ ဆရာမများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရွှေတိဂုံ စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ထိုမှတစ်ဆင့် လူရည်ချွန်စခန်း(ငွေဆောင်)သို့ ဆက်လက်ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့သို့ ရောက်ရှိကြသည်။ လူရည်ချွန်မောင်မယ်များကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပုသိမ်ဟိုတယ်၌ ကြိုဆို နှုတ်ဆက်ပြီး ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ အုပ်စုအလိုက် ပြန်လည်မိတ်ဆက် ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယòန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ဘက်စုံပညာ ထူးချွန် အပန်းဖြေစခန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လူရည်ချွန်မောင်မယ်များက အုပ်စုအလိုက် ပြန်လည်မိတ်ဆက် ကြသည်။ ညနေပိုင်းတွင် လူရည်ချွန်မောင်မယ်များသည် လူရည်ချွန် စခန်း(ငွေဆောင်)သို့ ရောက်ရှိကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်…



၂၀၁၉ ခုနှစ် န၀မတန်းလူရည်ချွန်လူငယ်များ အင်းလေးခေါင်တိုင် အပန်းဖြေစခန်းသို့ရောက်ရှိ

ညောင်ရွှေ ဧပြီ ၂၉ ========================== ၂၀၁၉ ခုနှစ် န၀မတန်းလူရည်ချွန် ကျောင်းသားကျောင်းသူ ၁၇၈ ဦးတို့သည် ညောင်ရွှေမြို့နယ် ခေါင်တိုင် ကျေးရွာရှိ အင်းလေးခေါင်တိုင် အပန်းဖြေစခန်း ဟူပင်ဟိုတယ်သို့ ယနေ့ ညနေ ၃နာရီခွဲက ရောက်ရှိ ကြသည်။ န၀မတန်း လူရည်ချွန်ကျောင်းသားကျောင်းသူများသည် မန္တလေးမြို့ အမှတ်(၄)အခြေခံ ပညာ အထက် တန်း ကျောင်းစုရပ်မှ အင်းလေးခေါင်တိုင်အပန်းဖြေစခန်းသို့ ယနေ့ နံနက် ၆ နာရီက စတင် ထွက်ခွာ လာကြရာ မွန်းလွဲပိုင်း ကလောမြို့သို့ ရောက်ရှိချိန်တွင် ဌာနဆိုင်ရာများနှင့်ပြည်သူများက ဂုဏ်ပြု ပန်းစည်း များ၊ ပန်းကုံးများပေးအပ်ကာ သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်ဆက်လက်ထွက်ခွာလာကြရာ ညနေပိုင်းတွင် လူရည်ချွန်လူငယ်များတည်းခို အပန်းဖြေ ကြမည့် အင်းလေး(ခေါင်တိုင်)ရှိ ဟူပင်ဟိုတယ်သို့ရောက်ရရှိကြရာ ရှမ်းပြည်နယ်…



အဋ္ဌမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများ ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိ

ပုဂံ ဧပြီ ၂၉ ၂၀၁၉ ခုနှစ် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ကြီးကြပ်သူ ဆရာ ဆရာများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်အား လေ့လာခြင်းနှင့် မဟာမြတ်မုနိဘုရားအား ဖူးမြော် ကြည်ညိုပြီး ညနေပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိကြသည်။ ယနေ့နံနက်ပိုင်းတွင် အဋ္ဌမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူ ၁၇၈ ဦးသည် ကြီးကြပ်သူ ဆရာ ဆရာမ ၁၈ ဦးနှင့်အတူ မန္တလေးစုရပ်မှ စတင်ထွက်ခွာ၍ မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်အား လေ့လာကြသည်။ ထို့နောက် မဟာ မြတ်မုနိဘုရားအား ဆက်လက်ဖူးမြော်ကြည်ညိုကြပြီး ကြီးကြပ်သူ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုပေါင်း၍ မဟာမုနိဘုရားဂေါပကဥက္ကဋ္ဌထံ အလှူငွေကျပ် ၆၅၅၅၀၀ အား ပေးအပ်လှူဒါန်းရာ ဂေါပကဥက္ကဋ္ဌက…



အခြေခံပညာဦးစီးဌာန၊ ၂၀၁၉ ခုနှစ်၊ ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၀) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်၊ ဧပြီ ၂၀ —————————– ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးဌာန၊ ၂၀၁၉ ခုနှစ် ကာယပညာနှင့်အားကစားအခြေခံ နည်းပြသင်တန်းအမှတ်စဉ်(၂၀)သင်တန်းဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ အမှတ်(၇) အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဝင်းမော် ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ၊ ဖိတ်ကြား ထားသောဧည့်သည်တော်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမော်ထွန်းက အဖွင့်အမှာစကားပြော ကြားရာတွင် ပညာရေးကို အဖက်ဖက်က မြှင့်တင်ဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့်အားကစားကိုလည်း တစ်ပါတည်းမြှင့်တင်ဆောင်ရွက်သွားရန် အလွန်အရေးကြီးပါကြောင်း၊ ကိုယ်လက်ကြံ့ခိုင် သန်စွမ်းမှုရှိမှသာ ပေးသည့်ပညာကို အလွယ်တကူ လက်ခံရယူနိုင်ပြီး နိုင်ငံသားကောင်းများဖြစ် လာနိုင်မည်ဖြစ်ပါကြောင်း၊ ၁၉၈၅ ခုနှစ်တွင် ကာယပညာနှင့်အားကစားအခြေခံ…



Grade-6(သင်ရိုးသစ်) တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဧပြီ ၂၁ ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့် ADB-EYE Project တို့ပူးပေါင်းဆောင်ရွက်သည့် Grade-6 (သင်ရိုးသစ်) တိုင်းဒေသကြီး ပြည်နယ်အဆင့် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းရှိ နှင်းဆီခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဘက်စုံလွှမ်းခြုံသောပညာရေးကဏ္ဍ လေ့လာဆန်းစစ်မှုအစီရင် ခံစာနှင့် အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်းများတွင် ဖော်ပြထားချက်များအရ အခြေခံပညာကဏ္ဍ သင်ရိုးညွှန်းတမ်းပြုပြင် ပြောင်းလဲမှုကို KG+12 အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သင်ရိုးသစ် KG၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သင်ရိုးသစ် Grade-1 နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် သင်ရိုးသစ်…



တိုင်းရင်းဘာသာစကားသင်ကြားသင်ယူမှု၏ထိရောက်အောင်မြင်မှုအခြေအနေသုတေသနဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဧပြီ၂၂ ==================================== တိုင်းရင်းဘာသာစကားသင်ကြားသင်ယူမှု၏ ထိရောက်အောင်မြင်မှု အခြေအနေ သုတေသနဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို၂၂၊၄၊၂၀၁၉ ရက်နေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ကျင်းပရာပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယ၀န်ကြီးဦးလှမော်ဦး၊တိုင်းဒေသကြီး၊ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးများ၊အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပညာရေး ၀န်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်မြို့နယ်ပညာရေးမှူးများ၊ ပြည်နယ်အသီးသီးမှ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ ယူနီဆက်မြန်မာမှ တာဝန်ရှိသူများ၊ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာတွင်အမျိုးသားပညာရေးဥပဒေ၌ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊စာပေ၊ယဉ်ကျေးမှု၊အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်နှင့်သဘာဝပတ်ဝန်းကျင်တို့ကိုတန်ဖိုးထား၍ ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ယင်းတို့ကိုလက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများဖြစ်လာစေရန်ဟူ၍ အမျိုးသားပညာရေး ရည်မှန်းချက်များကိုပြဋ္ဌာန်းဖော်ပြထားပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက် မှုဖြင့် ရေးဆွဲလျက်ရှိသောဒေသသင်ရိုး(Local Curriculum)ဖြင့်…



ရန်ကုန်တိုင်းတွင် စာမေးပွဲကာလအတွင်း ယာဉ်ကြောရှင်းလင်းရေးကို ယာဉ်ထိန်းရဲ ၃၀ဝ ကျော်ဖြင့် ဆောင်ရွက်ပေးမည်

ရန်ကုန်၊ ဇန်နဝါရီ ၃၁-ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ကျောင်း ပေါင်း ၁၄၄ ကျောင်း၏စာမေးပွဲ ကာလအတွင်း ယာဉ်ထိန်းရဲ အင် အား ၃၀ဝ ကျော်ဖြင့် ယာဉ်ကြော ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံးမှ သိရသည်။ ကျောင်းသားလူငယ်များ သည် အနာဂတ်တွင် နိုင်ငံခေါင်း ဆောင်များဖြစ်လာနိုင်သည့်အ တွက် ပညာရေးနှင့်ပတ်သက်ပါ ကအလေးထားဆောင်ရွက်ပေးရ ခြင်းဖြစ်ပြီး လိုအပ်ပါက ယာဉ်ထိန်း ဆိုင်ကယ်များနှင့်ပင်ပို့ဆောင်ပေး နိုင်မည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲ မှူးကြီးသိန်းဦးက ပြောသည်။ ယင်းနှင့်ပတ်သက်ပြီး ဇန်န ဝါရီ ၃၁ ရက်က အမှတ်(၂)ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးတွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင်မီဒီယာများကို ဒုရဲမှူးကြီးသိန်းဦး က အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “”မနှစ်ကဆို စာမေးပွဲခန်း ထဲဝင်ဖို့…



၂ဝ၁၉ ခုနှစ် မတ်လစာမေးပွဲတွင် စတင်အသုံးပြုမည့် တက္ကသိုလ်ဝင်တန်းမေးခွန်းပုံစံသစ်ဆိုင်ရာ ပညာရေးစကားဝိုင်

ကျောင်းသား ကျောင်းသူတွေ သင်ခန်းစာတွေကို ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှု၊ ကိုယ်ပိုင် ပင်ကိုစွမ်းရည်တွေနဲ့ပေါင်းစပ်ပြီး ဖြေဆိုနိုင်မှုတွေကို အားပေးဖို့အတွက် မေးခွန်းပုံစံတွေကို ပြောင်းလဲရတာဖြစ်တယ်။ (ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း) ၂ဝ၁၉ ခုနှစ် မတ်လစာမေးပွဲတွင် စတင်အသုံးပြုမည့် တက္ကသိုလ်ဝင်တန်းမေးခွန်းပုံစံသစ်ဆိုင်ရာ ပညာရေးစကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၊ မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ အောင်မြင့်ဦး၊ အင်္ဂလိပ်စာဌာန ပါမောက္ခ (ဌာနမှူး)ဒေါက်တာပိုးပိုး၊ သင်္ချာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာချိုဝင်း၊ သတ္တဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာသီတာလေးသွယ်၊ ဓာတုဗေဒဌာန ပါမောက္ခ ဒေါက်တာ နီနီသန်းနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချဘောဂဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာဖြူဖြူအိတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်- အစီအစဉ်မှူး။ ။ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မေးခွန်းပုံစံတွေ ပြောင်းလဲအသုံးပြုမယ် လို့…



Hello world!

Welcome to WordPress. This is your first post. Edit or delete it, then start writing!